Friday, 27 June 2014

လိုတီနီနဲ့ ကြက်သား

 


(Roitini With Chicken and Begqie in Chunky Garden Sauce)
...............................................................................................
ခုချက်ပြမယ့် Pasta ဟင်းလေးကတော့ တွန့်တွန့်လိမ်လိမ်လေးနဲ့ ချစ်စရာကောင်း တဲ့ လိုတီနီ (Rotini)လို့ခေါ်တဲ့ ပါစတာလေးပါပဲ။ အလွယ်ကူဆုံး အရိုးရှင်းဆုံးနဲ့ ကြက်ရင်အုပ်သားလေးကို ပါးပါးလှီးပြီး ချက်ပြသွားမယ်။ သက်သတ်လွတ်ချည်းပဲ စားရလို့ငြီးငွေ့နေပါပြီဆိုတဲ့ကျွန်တော့် Bro,Sis တွေအတွက် အထူးတလည် စီစဉ်ပေးထား ပါတယ်။ ချက်ကြည့်ပါ။ စားကောင်းလို့ နောက်ဆို တစ်ချိန်လုံး ချက်နေကြမှာ။ ကဲ . . . တူတူချက်ကြရအောင် . . . ။

လိုအပ်ပစ္စည်းများ
.........................
• လိုတီနီပါစတာ - ၁ ဘူး
• ကြက်ရင်အုပ် - ၁ ပေါင်
(ရေစင်ဆေး၊အခြောက်သုတ်၊အစောင်း လိုက်ပါးပါးလှီးပါ)
• အိုလစ်ဆီ - စားပွဲဇွန်း ၂ဇွန်း
• ဆားနဲ့ငရုတ်ကောင်းမှုန့် - စိတ်ကြိုက်
• မှိုဖြူ - ၁ဘူး (ရေဆေး၊အခြောက်သုတ် ပါးပါးလှီးပါ)
• ဘေဆယ်ရွက် - ကော်ဖီခွက်တစ်ဝက်
(လိပ်ပြီး ပါးပါးလှီးပါ၊ ကြိုက်ရင် ပိုထည့်နိုင်တယ်)
• ပန်းဂေါ်ဖီစိမ်း - တစ်ပေါင်ဝက် (အပွင့်သေးသေးလှီးထားပါ)
• ငရုတ်သီးခေါင်းပွနီ - အရွယ်တော်၂ ပွင့်
(၁ လက်မ အရှည်ပါးပါးလှီးပါ လတ်လတ်ဆတ်ဆတ် မရရင် ပုလင်းနဲ့လာတာလည်း သုံးနိုင်ပါတယ်)
• ပဲသီးစိမ်း - ကော်ဖီခွက် ၁ခွက်(ရေနဲ့ပြုတ်ထားပါ)
• ပါစတာဆော့စ် - ၁ ပုလင်း
• ပါမီစန်ချိစ်အမှုန့် - ကော်ဖီခွက်တစ်ဝက်
မှတ်ချက်။ ။ အက်စပရေဂါး မထည့်လည်းရပါတယ်။

ချက်ပြုတ်နည်း
..........................
၁။ ပန်းဂေါ်ဖီစိမ်းနဲ့ ပဲသီးစိမ်းကို ရေဆူမှာကြိုချက်ပြီး
ရေအေးမှာစိမ်ပြီး ဆယ်ယူထားပါ။
၂။ အိုးတစ်အိုးမှာ ရေ၁၀ခွက်ထည့်ပြီးပွက်ပွက်ဆူပါစေ။
၃။ ရေဆူလာရင် ဆား လက်တစ်ဆုပ်စာထည့်ပြီး လိုတီနီပါစတာကို
၇ မိနစ်လောက်ပြုတ်ပါ။
၎။ ပါစတာကို ဆယ်ယူပြီး အရည်ကျန်ကို ကော်ဖီခွက် ၂ခွက်စာ ဖယ်ထားပါ။
၅။ နောက်အိုးတစ်ခုမှာ အိုလစ်ဆီ ၂ ဇွန်းကို အပူပေးပြီး အဆင်သင့်လှီးဖြတ်ထားတဲ့
ကြက်ရင်အုပ်သားလွှာတွေကို ကြော်ချက်ပေးပါ။
၆။ ဆားနဲ့ ငရုတ်ကောင်းမှုန့်ကို ကိုယ့်စိတ်ကြိုက်ဖြူးပါ။
၇။ ကြက်သား အရောင် ပန်းရောင်မရှိတော့ဘဲ ကျက်လာရင် ဆယ်ယူပြီး ဖယ်ထားပါ။
၈။ အဲဒီ အိုးထဲပဲ ပါစတာဆော့ကို သွန်ထည့်ပြီး အပူပေးပါ။
တစ်ချိန်တည်း ဖယ်ထား တဲ့ ပါစတာ အရည်၂ခွက်ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။
၉။ ၃ မိနစ်အကြာ ကေဆယ်အရွက်ကို ထည့်ပါ။ သမအောင် မွှေပါ။
၁၀။ ငရုတ်သီး ခေါင်းပွနီကိုထည့်ပြီး သမအောင် မွှေပါ။ ပဲသီးစိမ်းကိုထည့်ပြီး
သမအောင်မွှေပါ။ ပန်းဂေါ်ဖီစိမ်းကို ထည့်ပြီး သမအောင် မွှေပါ။
၁၃။ မှိုဖြူနဲ့ လိုတီနီပါစတာကို ရောထည့်ပြီး သမအောင် မွှေပါ။
၁၄။ ပါမီစန်ချိစ် အမှုန့်ကို ဖြူးပြီး သမအောင် မွှေပါ။ အဆင်သင့်စားသုံးနိုင်ပါပြီ။

Dexter's Bistro
FOOD Magazine

Myanmar Forward

No comments:

Post a Comment