Saturday, 5 July 2014

ဝက်သားသရက်သီးသနပ်(အိုးကြီးချက်)


http://htetfamily.com/2014/07/05/ဝက်သားသရက်သီးသနပ်အိုြး/
ဒါကတော့ မြန်မာလူမျိုးတော်တော်များပြောပြောနေတဲ့ အသီးမှာသရက် အသားမှာဝက် အရွက်မှာ လဖက်ဆိုသလိုပေါ့နော် ကျမတခါက လဖက်နဲ့ဆိတ်ကို ကရင်ချက်စပ်စပ်လေးချက်ပြပြီးပါပြီ။ ဒါလေးကတော့ သရက်သီးသနပ် နဲ့ ဝက်သားနဲ့ကိုချက်ပါမယ်။ သရက်သီးသနပ်ကိုလဲ အချို ကိုမသုံးပဲ အစပ်ကိုသုံးပါမယ်ရှင်။ ဝက်သားကလဲ ဆီထွက်မယ်ဆိုတော့ သရက်သီးသနပ် ထဲ့ချိန်မှာလဲ ဆီပါမယ်ဆိုတော့ ဆီမသတ်တော့ပဲလုံးချက်ပါမယ်။ တခါတလေကျမ မရမ်းသီးသနပ်နဲ့လဲ ချက်ပါတယ်။ ဝက်သားဆိုတာ စားကောင်းပေမဲ့ အလွန်အီတယ်မို့လားရှင် အချဉ်ဓာတ်လေးနဲ့ တွဲစားတော့ အအီပြေပြီးအလွန်အရသာရှိတာပေါ့နော်။
ပါဝင်ပစ္စည်းများ (လူ ၆၀ စာခန့် )
-ဝက်သား အဆီအသားတွဲရက် ၅ပိဿာ
-သရက်သီးသနပ် ၅၀ ကျပ်သား ခန့်
-ကြက်သွန်နီ ၃၀ ကျပ်သား
-ကြက်သွန်ဖြူ ၁၅ကျပ်သား
-ဂျင်းထောင်းပြီးသား ၁၀ ကျပ်သား
-အရောင်တင်မှုန့် အရောင်ရဲချင်သလောက်
-ဆနွမ်း ၂ဇွန်း (စားပွဲတင်)
-ဆား လိုသလောက်
-အသားမှုန့် လိုသလောက်
ဝက်သားများကို အနေတော်တုံးပြီး ဂျင်း၊ ဆား တို့ဖြင့်ဆုပ်နယ်ပြီး အသားထဲအရသာဝင်နေပါစေ။

ကြက်သွန်နီ၊ ဖြူ ဂျင်းတို့ကို အရောင်တင်မှုန့်နဲ့ရောထောင်းထားပါ။ အိုးတလုံးထဲမှာ ဝက်သား၊ ထောင်းထားသော ကြက်သွန်အရော ဆနွမ်းစတာတွေကို ဆီနဲနဲ ဖြင့် လုံးကာ အသားအရောင်ပြောင်းလာသည်အထိ ဆီပြန်လာအောင်လုံးပေးပါ။ ပြီးမှအသားကို ရေကို မမြုပ်တမြုပ်ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ။
ဆား ၊အသားမှုန် တို့ကတော့ လိုသလောက် ထဲ့နိုင်ပါတယ် အသားမနူးမချင်း ရေကိုအနဲငယ်စီထဲ့ကာ အဖုံးအုပ်တည်ရင်းအသားနူးလာပြီးဆီပြန်လာရင် အရသာအပေါ့အငံမြည်းကာ စိတ်ကျေနပ်ရင် သရက်သီးသနပ်ကို ထဲ့ပြီး ရောပေးနိုင်ပါပြီရှင်။
ဒါဆိုရင် အရသာရှိတဲ့ မအီသောဝက်သားသရက်သီးသနပ်ဟင်းလေးရပါပြီ

No comments:

Post a Comment