Monday, 14 July 2014

ဘဲပေါင်းကိုက်လန် (ChineseSweetDuck)

Posted by: Ko Myo on Friday, July 11, 2014 Categories:
ပါဝင်တဲ့ ပစ္စည်းများ

ဘဲနုနု - ၅၀ ကျပ်သား
ကိုက်လန် - ၂၀ ကျပ်သား
ခရုဆီ - အနည်းငယ်
ဂျင်း - အနည်းငယ်
ပဲငံပြာရည်အနောက် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
သကြား - အနည်းငယ်
မှိုကြီးခြောက် - ၆ ပွင့်
ကြက်သွန်ဖြူ - ၂ ဥ
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆီ - အနည်းငယ်

ပြုလုပ်ပုံ

ဘဲသားများ ရေဆေးပြီး ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ပဲငံပြာရည်အနောက်တို့ဖြင့် နယ်ထားပါ။ ကိုက်လန်ကို လိုသလောက် အပိုင်းလှီးဖြတ်၍ ရေနွေးဆူဆူတွင် ဆားထည့်၍ပြုတ်ပါ။ ချက်ချင်းပြန်ဆယ်၍ ရေအေးတွင်စိမ်လိုက်ပါ။ ပြီးလျှင် ဆန်ကာဖြင့် စစ်ထားပါ။ ချင်းနှင့် ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။

နယ်ထားသော ဘဲသားများကို ပေါင်းအိုး တစ်ခုထဲတွင် ထည့်၍ မိနစ် ၄၀ ခန့်ပေါင်းပါ။ ဆီအိုးတည်၍ ဆီကျက်လျှင် ချင်းနှင့် ကြက်သွန်ဖြူ  ဓားပြားရိုက်ထားသည် များကို ဆီသတ်ပါ။ ခရုဆီလောင်းထည့်ပါ။ ပြုတ်ထားသော ကိုက်လန်များ ထည့်ပါ။ ဆားအနည်းငယ် နှင့် ဟင်းခတ်မှုန့်အနည်းငယ်စီ ထည့်ပါ။ အနေတော်လျှင် အိုးချပါ။

ဘဲပေါင်းကိုက်လန် ပြင်ဆင်ရန်မှာ ပန်းကန်ထဲသို့ ပေါင်းထားသော ဘဲသားများ လှပစွာ စီ၍ထည့်ပါ။ အပေါ်မှ ချက်ထားသော ကိုက်လန်ကို အုပ်လိုက်ပါ။ အလွန်စားကောင်းသော ဟင်းတစ်မယ်ရပါပြီ။

No comments:

Post a Comment